![5](https://pantaing.com/wp-content/uploads/2023/06/5-8.jpg)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဇီးဖြူကုန်း ပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်
“ပုလဲနယ်မှာ စစ်ခွေး စစ်ကြောင်း မွှေနေတယ်။ လက်ရှိ ကျေးနင်းကြီး ကျေးရွာမှာ ရောက်ရှိနေပါတယ်။ ဇီးဖြူကုန်းပျူစောထီးရွာကလာတဲ့ စစ်ခွေး စစ်ကြောင်းပါ ကျေးနင်းကြီးရွာကို ဝင်မွှေပြီး လက်ရှိအဲ့ရွာနားမှာ ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေ တိမ်းရှောင်နေရတယ်။ စစ်ခွေး ရိက္ခာလိုက်စုတာထင်တယ်။ ရွာမှာရှိတဲ့ အိမ်အကုန်လုံးနီးပါးကို ဝင်မွှေနေတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးနင်းကြီးရွာကို ရောက်ရှိနေပြီး ၎င်း ရွာအပါအဝင် နားတော်မောက်ရွာ၊ ကြောင်သန်းရွာနှင့် ဇေတိယုံရွာတို့မှာ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
![](https://scontent-lcy1-2.xx.fbcdn.net/v/t39.30808-6/355840603_619095453651398_7780748993779457301_n.jpg?_nc_cat=105&cb=99be929b-3346023f&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeHNs3i90-tJyA3LIo8xivsLDpEQ543mr2YOkRDnjeavZv-2wI4gMyG13CSO9QQm5q8&_nc_ohc=RUy5XT6g2zEAX_HJjRq&_nc_oc=AQnwBihFOAbM_f0KzWzgBbUixFcjsiP9EQKPn6TAbblX21Ea26h_52w7BE644RJy8ovEnVWANGJ7P7s7m3zf8wRt&_nc_ht=scontent-lcy1-2.xx&oh=00_AfAKF3k9VTw-xxqP6Q19g9O1HRWTuAQroVSGkIUnX_WKlQ&oe=649C6717)
![](https://scontent-lcy1-1.xx.fbcdn.net/v/t39.30808-6/355714783_619095486984728_1272382344317037117_n.jpg?_nc_cat=101&cb=99be929b-3346023f&ccb=1-7&_nc_sid=8bfeb9&_nc_eui2=AeHwDQHom414rCFPLS8P6O5g1hxjvKGeim7WHGO8oZ6Kbj_wAsSNpfZfy9tRxs5xGl0&_nc_ohc=jbPczdO96vUAX9JsOy8&_nc_ht=scontent-lcy1-1.xx&oh=00_AfB10wnAT927OSPhLwHO8otTSDVHEvmdHOrnXUmPkrdtJg&oe=649C3329)
All reactions:
3.7KSoe Pyae and 3.7K others