![43](https://pantaing.com/wp-content/uploads/2023/06/43-7-1024x1833.jpg)
မြိုင် – ကန်နီ ( ပျူရွာ) လမ်းပိုင်းအနီးက တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၃ဦးသေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော် တဦးကျဆုံးခဲ့ရတယ်လို့ Justice Revolution Team – JRTက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မြိုင် က ကန်နီ (ပျူ) ရွာကို ပျူနဲ့စစ်ခွေးတွေ လိုက်ပါလာတဲ့ ရက္ခာကား (ဖောကား) တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေဟာ သတင်းခိုင်မာမှုအရ ကြားဖြတ်တိုက်ခိုက်ဖို့ ဇွန် ၂၀ရက်က သွားရောက်ရာ သံပုရာခြံ -ကန်နီ (ပျူရွာ) လမ်းပိုင်း အနီးမှာ ကင်းပုန်းချင်း ထိပ်တိုက်တွေ့ခဲ့ပြီး ၁၀ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲတွင် အနီးကပ်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အကြမ်းဖက်စစ်သား နှစ်ဦးနဲ့ ပျူ တစ်ဦး စေဆုံးခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ဘက်ကလည်း ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော် (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းက ကယ်ထုတ်လာတဲ့ ရဲဘော်တွေကို တပ်ရင်း ၁၇ ဆေးအဖွဲ့က အနီးကပ် သွားရောက်ကုသမှု ပေးခဲ့တာကြောင့်( စိုးရိမ်စရာမရှိ) ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ၊ တပ်ခွဲ (၁) SDB ၊ တပ်ခွဲ (၂) Middle Revolution Task Force -MRTF၊ Justice Revolution Team – JRT ၊ တပ်ရင်း (၂) ၊RPTF ၊ FREEDOM FIGHTER -LPDF အဖွဲ့နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။