![40](https://pantaing.com/wp-content/uploads/2023/06/40-7-1024x575.jpg)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငွေတွင်း(ပျူစောထီး)ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က အစည်းဝေးပြုလုပ်နေချိန် ဒရုန်းနဲ့ ဗုံး၁၄လုံးကြဲတိုက်ခိုက်ခံရလို့ ၁၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Danger Force LPDFက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ပြည်သူပိုင်ကျေးရွာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ အစည်းအဝေးထိုင်ပြီး တိုင်ပင်နေချိန် ဇွန် ၂၀ရက် ညနေ ၅နာရီ ၁၅မိနစ်မှာ ၎င်းတို့ရဲ့ အစည်း အဝေးပြုလုပ်ရာ အဆောက်အဦးနဲ့ ကတုတ်ကျင်းတွေပေါ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီး (၁၄) လုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ အစည်းအဝေးပြုလုပ်နေကြတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ ၁၅ဦးအပါအဝင်အဆောက်အဦးရှေ့မှာ ကင်းစောင့်နေတဲ့ ကင်းသမား (၂) ဦး စုစုပေါင်း(၁၇) ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကတုတ်ကျင်းအတွင်းကို ကြောက်လန့်တကြားဝင်ပြေး စစ်သား ၄ဦးဟာလည်း ဒဏ်ရာရှိခဲ့ပြီးအရာတော်မြို့ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း – ၁၅ နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။