
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “သံတိုင် အပြင်မှာ မပြိုလဲပါနဲ့။ သံတိုင် နောက်မှာ ကိုင်ဆွဲထားတဲ့ လက်တွေ ရှိသေးတယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။