![38](https://pantaing.com/wp-content/uploads/2023/05/38-8.jpg)
ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစုရဲ့ Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်၊ ရဲမေ လေးဦး ဟာတိုက်ပွဲကြားတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ Karenni Revolution Union (KRU) ကဒီကနေ့ မေလ ၂၈မှာထုတ်ပြန်လာပါတယ်။
KRU အဖွဲ့ရဲ့ ရဲဘော်၊ ရဲမေ လေးဦးဟာစစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား ဆေးကုသရင်းကျဆုံးသွားခဲ့ရတာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့ တော်လှန်ရေးမှာထားရှိတဲ့ သစ္စာတရားကို လေးစားလျှက် အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ပြီး နာရေးအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာလည်းဖော်ပြထားပါတယ်။