![10](https://pantaing.com/wp-content/uploads/2023/08/10-18.jpg)
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဦးပိုင်နဲ့ တရုတ်နိုင်ငံ ပူးတွဲဆောင်ရွက်နေတဲ့ ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့ရောက်ရှိလာတဲ့ ပြည်သူ့စစ် (၁၄) ဦးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ULF(မဟာမိတ်တပ်ပေါင်းစု) က ထုတ်ပြန်ထာပါတယ်။
ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာရောက်တဲ့ စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ အနောက်တောင်တိုင်း စစ်ဌာချုပ် သင်တန်းဆင်း ပြည်သူ့စစ်(၁၄) ဦးကို ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့မနက်ပိုင်းက ULF အဖွဲ့ဝင် Alpha Column တပ်ခွဲ(၁)Alpha Special Force နဲ့ တပ်ခွဲ(၃) Chindwin Galone Yarzar Guerrilla Defense Force ရဲဘော်တွေဖမ်းဆီးရမိခဲ့တာပါ။
လက်ရှိမှာတော့ သူတို့တွေကို ဥပဒေအရလိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်(ပ.လ.ဖ) ထံလွှဲပြောင်းအပ်နှံထားတယ်လို့ ULF(မဟာမိတ်တပ်ပေါင်းစု) ကအသိပေးထားပါ တယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖမ်းဆီးရမိထားသူတွေဟာ ကုမ္ပဏီကိုရောက်ရင် သင်တန်းထပ်မံ တက်ရောက်ရမှာဖြစ်တယ်လို့လည်း စစ်ဆေးထိန်းမှာထွက်ဆိုထားကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံနဲ့ ဦးပိုင်တို့ရဲ့ ကြေးနီကုမ္ပဏီဟာ ပြည်သူပိုင်မြေယာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး မတရားသိမ်းယူနေတဲ့အတွက် ပြည်သူတွေမကြာခဏဆန္ဒပြနေတာဖြစ်ပါတယ်။