
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် “ကြောက်စိတ်ကို ဖျောက်ဖျက်ပါ၊တော်လှန်စိတ်နဲ့ရှင်သန်ပါ၊ မိမိနဲ့မိမိမျိုးဆက်အတွက် ဒီတကြိမ်းလောက်တော့ ပြီးဆုံးအောင်သတ္တိရှိပေးကြပါ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။