
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “လေးနှစ်ထဲလည်းရောက်လာပြီ တော်လှန်ရေးအင်အားစုနဲ့ပြည်သူလူထုဟာ အဖြစ်လောက်မလုပ်ပဲအလုပ်ဖြစ်အောင် ပိုလုပ်၍ စစ်ကောင်စီကို အမြစ်ဖြတ်သင့်ပြီလို့ပြောချင်ပါတယ်။” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။