
လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ “စစ်အာဏာရှင်စနစ် အဆုံးသတ်က၊ လူထုသာလျှင် အဓိက” ဘန်နာနဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြွေးကြော်ချီတက်လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။