![117](https://pantaing.com/wp-content/uploads/2024/02/117-1.jpg)
ရှမ်းပြည်နယ်အခြေစိုက် အမှတ် ၁၀၀၈ တပ်ရင်း- SSRY ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Cobra Force တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Cobra Force(TAI PDF) တပ်ခွဲ တည်ထောင်ချိန်မှာ တပ်ဖွဲ့အတွင်း ရှမ်း၊ ကယန်း၊ ဗမာ၊ အင်းသား၊ ဓနု၊ ပအိုဝ်း၊ ကရင် စတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ၈.၂.၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
“အခမ်းအနားမှာ Cobra Force ဖြစ်ပေါ်လာပုံတွေ၊ မိန့်ခွန်းတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့်အကြောင်းတွေ အဓိက ပြောသွားတာပေါ့နော်။ အကျဥ်းချုံးပဲလုပ်ဖြစ်ပါတယ်။ ရဲမေတွေလည်း ဆေးအပိုင်းတွေ၊ ရုံးပိုင်းတွေမှာ တာဝန်ယူဆောင်ရွက်နေပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၁၀၀၈ တပ်ခွဲ ၂ Cobra Force တပ်ခွဲရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုက်ထုတ်တာ၊တိုင်းရင်းသား ပြည်သူတွေမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းစဥ် ကိုဖော်ဆောင်တာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တာ၊ အာဏာရှင်ကို တွန်းလှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ရဲ့ လမ်းညွန်မှုအောက်မှာ ဆောင်ရွက်တာ စတဲ့အချက်အလက်တွေပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂ နှစ်ပြည့်အခမ်းအနားမှသည် စစ်အာဏာရှင် စနစ် ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်သည်အထိ အခြားသော တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။
Cobra Force တပ်ခွဲက ကရင်နီနဲ့ရှမ်းပြည်တောင်ပိုင်းရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ပွဲပေါင်းများစွာကို ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကိုလည်း အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုတယ်လို့ သိရပါတယ်။