စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က အရပ်သားခုနစ်ဦးသတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရသည်။
ကျားဘီလူးစစ်ကြောင်းဟု ကြွေးကြော်ကာ အကြမ်းဖက်ဝင်ရောက်လာသည့် ယင်းစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာကို ယနေ့ နံနက် အစောပိုင်းတွင် ရောက်ရှိလာခြင်းဟု ဒေသခံများက ပြောသည်။
“ရွာထဲကို မဝင်ခင် ဒရုန်းနဲ့အရင်ချပြီးမှ ဝင်လာတာ။ ဒီစစ်ကြောင်းမှာ ဒရုန်းတွေပါလာတယ်။ ဒေသခံတွေကတော့ အကုန်ပြေးနေရတယ်”ဟု ရင်ပေါင်တိုင် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း၌ အင်အား ၂၀၀ခန့်ပါဝင်ပြီး ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်မှစတင်ကာ ယင်းမာပင်နှင့် ပုလဲမြို့နယ်ကို ဝင်ရောက်မွှေနှောက်နေခြင်း ဖြစ်သည်။
ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာကို အောက်တိုဘာ ၁၅ရက် နံနက်က ဝင်ရောက်ပြီး ဒေသခံအမျိုးသား ခြောက်ဦးကို သတ်ဖြတ်သွားခဲ့သည်။
ထို့နောက် ယင်းနေရာတဝိုက်၌ ဆက်လက်စစ်ကြောင်းထိုးပြီး အောက်တိုဘာ ၁၈ရက်နံနက်တွင် ယင်းမာပင်မြို့နယ် လဘို့ကျေးရွာသို့ရောက်ရှိနေစဉ် ဒေသခံအမျိုးသားတစ်ဦးအား ထပ်မံသတ်ဖြတ်သွားသည်ဟု ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ အောက်တိုဘာအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်းသေဆုံးကြောင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ယနေ့နံနက်၉နာရီခွဲအထိရရှိသော သတင်းအရ အဆိုပါ စစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာမှ