![85](https://pantaing.com/wp-content/uploads/2024/03/85.jpg)
FILE - U.N secretary General Antonio Guterres addresses the media during a visit to the U.N. office in the capital Nairobi, Kenya on , May 3, 2023. Guterres implicitly criticized Cambodia’s upcoming elections Wednesday, May 31, 2023 for failing to be inclusive, after the top opposition party was not allowed to register. (AP Photo/Khalil Senosi, File)
မြန်မာနိုင်ငံမှာ နေ့စဉ်အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်မှုတွေကျူးလွန်နေတာကြောင့် ပဋိပက္ခတွေတိုးလာတဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ပြန်ပါတယ်။
အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ဆောင်ရွက်ပေးနေသူတွေကိုလည်း ကာကွယ်ပေးဖို့အတွက် မတ်လ ၁၈ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ တိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် အရပ်သားတွေ သေဆုံးနေရတဲ့အပေါ်မှာလည်း သူက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအပါအဝင် လူငယ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအကြပ်စုဆောင်းပြီး စစ်မှုထမ်းစေဖို့လုပ်ဆောင်တာကြောင့် ဒါဟာ ပိုပြီးစိုးရိမ်စရာအခြေအနေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကျူးလွန်နေတာကို ရပ်တန့်စေဖို့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေကို ပူးပေါင်းဖြေရှင်းကြဖို့နဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်ကြဖို့ကို တိုက်တွန်းထားပါတယ်။