![97](https://pantaing.com/wp-content/uploads/2024/07/97-1.jpg)
Tom Andrews, UN Special Rapporteur on the situation of human rights in Myanmar, speaks at the press conference at the Palace of Nations, Geneva, Switzerland - 20 Mar 2023 UN Photo / Elma Okic
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံကို မထိန်းချုပ်နိုင်တော့သဖြင့် ဖျက်ဆီးရန် ကြိုးပမ်းနေပုံရကြောင်း ကုလသ မဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ယမန်နေ့တွင် သတိပေး ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ရပ်စဲထားခဲ့သော အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“စစ်ကောင်စီက ဆက်တိုက်ဆုံးရှုံးနေတယ်။ တပ်တွေ ဆုံးရှုံးနေတယ်၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆုံးရှုံးနေတယ်၊ ထိန်းချုပ်နယ်မြေတွေလည်း ဆုံးရှုံးနေတယ်။ စစ်ကောင်စီက သူထိန်းချုပ်လို့မရတော့တဲ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရတယ်။ အခြေအနေက အရမ်းကို အန္တရာယ်များတဲ့အခြေအနေပါ” ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ထိုင်းနိုင်ငံအမျိုး သားလုံခြုံရေးအဖွဲ့နှင့်တွေ့ဆုံ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော ၆ လအတွင်း စစ်ကောင်စီက ၎င်း၏ စစ်ရှုံးနေမှုများအတွက် အရပ်သားများကို ပိုမိုတိုက်ခိုက်လာပြီး ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်မှု အရေအတွက် သိသိသာသာ တိုးလာခဲ့ကြောင်း ၎င်းက ပြောကြားသည်။