![5](https://pantaing.com/wp-content/uploads/2023/06/5-1024x576.jpg)
Members of the Myanmar military take part in a parade to mark the country's 77th Armed Forces Day in Naypyidaw on March 27, 2022. (Photo by AFP)
အင်အားချိနဲ့နေပြီဖြစ်တဲ့ မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်ဖို့ အပြင်းအထန် ကြိုးစားနေရတယ်လို့ Nikkei Asia သတင်းဌာနက ဇွန်လ ၂ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခုအချိန်အထိ စစ်သား ၁၃ဝဝဝ ခန့် တိုက်ပွဲတွေမှာသေဆုံးခဲ့သလို ထွက်ပြေးသူတွေ၊ ပြည်သူ့ဘက်ပြောင်းခိုလှုံသူ ဦးရေကလည်း ရှစ်ထောင်ခန့်ရှိတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ စုစုပေါင်းအင်အား ၂၁ဝဝဝ ခန့် ဆုံးရှုံးသွားခဲ့ပြီလို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဦးရဲမျိုးဟိန်းရဲ့ သုတေသနပြုချက်ကို ကိုးကားပြီး Nikkei Asia က ဖော်ပြလိုက်တာပါ။
မြန်မာစစ်တပ်ဟာ ဆုံးရှုံးသွားတဲ့ အင်အားတွေကို အစားထိုးဖို့ စစ်သားသစ်စုဆောင်ရေးကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ဘဲ အခုဆိုရင် ကြည်း၊ ရေ၊ လေ အင်အားစုစုပေါင်း တစ်သိန်းခွဲခန့်ပဲ ရှိတော့တယ်လို့လည်း သူကပြောပါတယ်။
ဘန်ကောက်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ Anthony Davis ကလည်း “အာဏာသိမ်း မြန်မာစစ်တပ်ရဲ့အင်အားဟာ အရင်က ခန့်မှန်းပြောဆိုချက်တွေနဲ့ လုံးဝကွဲလွဲနေတယ်၊ လက်ရှိ အင်အား စုစုပေါင်းဟာ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအတွင်းပဲ ရှိပါတော့တယ်”လို့ ပြောကြောင်း Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးတဲ့စာရင်းတွေကို တရားဝင်ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။