![4](https://pantaing.com/wp-content/uploads/2024/04/4-11-1024x683.jpg)
ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး အခမ်းအနားကို မဟာမိတ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို BPLA တပ်မှုးများ၊ ရဲဘော်များ အပတ်စဥ် ၇ စုဆောင်းရေးရဲဘော်များ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တပ်တော်၏ ကွပ်ကဲရေးမှူး ကိုဆောင်းခ အမှာ စကားပြောကြားခဲ့သည်။
မဟာမိတ်ခေါင်းဆောင်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော် AA အမှတ် ၉၀၉ စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီး ကျော်ဇံ တို့က မိန့်ခွန်းများ ပြောကြားခဲ့သည်။
BPLA တပ်ဖွဲ့ဝင်များ သည် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် ယနေ့အခမ်းအနားသို မတက်ရောက်နိုင်ကြဘဲ အပတ်စဥ် ၆ သင်တန်းဆင်း ရဲဘော်များနှင့် အပတ်စဥ် ၇ စုဆောင်းရေး သင်တန်းသားများသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။