
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့က လာမယ့် နိုဝင်ဘာလမှာ သင်္ချိုင်းကုန်းဆုတောင်းပွဲပြုလုပ်ဖို့အတွက် သင်္ချိုင်းကုန်းသန့်ရှင်းရေးကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
နှစ်စဥ် နိုဝင်ဘာလအတွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်းကုန်းဆုတောင်းပွဲကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ယခုနှစ် သင်္ချိုင်းကုန်းဆုတောင်းပွဲကို ကျင်းပနိုင်ဖို့ သန့်ရှင်းရေး အချို့ကျေးရွာ ပြုလုပ်ကြပေမယ့် ယခင်နှစ်မှာတော့ ဖရူဆိုမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သင်္ချိုင်းကုန်းဆုတောင်းပွဲကို အချို့ကျေးရွာက မပြုလုပ်နိုင်တာ ရှိတယ်လို့ သိရပါတယ်။