![8](https://pantaing.com/wp-content/uploads/2023/08/8-12-1024x827.jpg)
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီခန့် အချိန် ဖြူးမြို့နယ်ရှိ ဘုရားရွာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်၍ အသက် ၅၅နှစ်အရွယ် ဦးမောင်ထွေးနှင့်အသက် ၃၃ နှစ်အရွယ် ကိုသန်းဇော်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် စစ်တပ်က လက်နက်ကြီးပစ်လို့သေသွားတာပါ။ ဖြူးမြို့နယ်ကနေ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ် ဇလုပ်ကြီးကျေးရွာထဲကို လှမ်းပစ်တာ အဲဒီရွာကို နေ့တိုင်းလိုလိုပစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဩဂုတ် ၁၅ ရက်နေ့ ဇလုပ်ကြီးရွာရှိ နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး ငါးဆီးလှောင်ရွာမှ ပြည်သူ ၂ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့က ထန်းတပင် ခလရ ၇၃ကပစ်တာကဇလုတ်ကြီးရွာက နေအိမ်တွေ ဖျက်ဆီးပြီး ငါးဆီးလှောင်ရွာသား၂ယောက်ဒဏ်ရာရတယ် မနေ့က ပစ်တာက။ လူသေတာကတော့ ဖြူးမြို့နယ်ကနေ ထန်းတပင်မြို့နယ်ကိုလှမ်းပစ်လို့ သေတာပါ” ဟု ဒေသပြည်သူများက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေခြင်း ဖြစ် ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
See Translation
![](https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/366630636_649248507302759_3163650706460382048_n.jpg?_nc_cat=108&ccb=1-7&_nc_sid=730e14&_nc_ohc=OkBeaPP5kzkAX9vpfar&_nc_ht=scontent-sin6-2.xx&oh=00_AfBL7wuRiR9cnBSG6V8nRIuI9NclkbLNIITbRitRlnAG2w&oe=64E36CB9)