
မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းအခြေစိုက် Ah Nyar Myay Special Commando Defense Force က ပြုလုပ်နေသည့် “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်း ပါဝင်ကူညီပေးကြရန် ညောင်ဦးခရိုင် တပ်ရင်း ၁ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းသည်။
အောက်တိုဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဆိုပါ ကမ်ပိန်း ကို ပြုလုပ်သွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံး စစ်ဆင်ရေးအရှိန်မြှင့်လာသည်နှင့် တပြိုင်နက် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟို ချက် ဖြစ်သော ကျောက်ပန်း တောင်းမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ခဲယမ်းပမာဏ အများ အပြားလိုအပ်နေကြောင်း၊ “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေရခြင်းဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း၏ အဓိက အစားအစာ ဖြစ်သည့် မုန့်ပြားသလပ်နှင့် အာလူးကြော်ကို ကမ်ပိန်း ပုံစံအနေဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့မြို့နယ်အတွင်းကို ပြန်လည် ဝင်ရောက်နိုင်ဖို့ပါ၊ ကျနော်တို့မြို့က စစ်တပ်တပ်ရင်းတွေ အများကြီးရှိတဲ့ နေရာဆိုတော့ ခဲယမ်းများများရှိမှ အဆင် ပြေမှာ၊ ခဲယမ်းက ဝယ်သုံးနေရတာ၊ ကြတော့ ငွေက မလိုက်နိုင်ဘူး ဖြစ် နေတယ်၊ အခုကတော့ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲဝင်နေပါတယ်၊ စစ်ကိုင်း တိုင်းမှာလည်း တိုက်ပွဲက ခဏခဏဖြစ်နေတော့ ကျည်လိုအပ်ချက်က မြင့်လာ လို့၊ အိတ်စိုက်စရာလည်း မရှိ တော့လို့ ကမ်ပိန်းပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု Ah Nyar Myay Special Commando Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဝယ်ယူအားပေးကူညီမည့် မိဘပြည်သူများအနေဖြင့် Ah Nyar Myay Special Commando Defense Force ၏ Facebook page ဖြစ်သော
https://m.facebook.com/story.php?story_fbid=282575388023688&id=100088136855879&mibextid=Nif5oz
ကို ဆက်သွယ်ပြီး NUG PAY ၊ Spring Development Bank ၊ KPAY ၊ Wave Pay တို့ဖြင့် ပါဝင်ကူညီ အားဖြည့်နိုင်ကြောင်း အသိပေးထားသည်။
ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း-အညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့အနေဖြင့် ကျောက်ပန်းတောင်း မြို့နယ် UG လှုပ်ရှားမှုမှတဆင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်မြို့နယ်၊ ပွေးကျစ်ရဲစခန်း သိမ်းတိုက်ပွဲတွင် မဟာမိတ်များ နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း၊ ယခုအခါ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မန္တလေးခ ရိုင် တပ်ရင်း ၅ ၊ တပ်ရင်း ၆ တို့နှင့်အတူ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။