
မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေး အမှတ်(၁) စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းက မြေပြိုပြီး ပျက်စီးနေတဲ့ ဆော-ကျောက်ထု လမ်းကို ပြုပြင်ပေးခဲ့တယ်လို့ The Youth Force – Saw & Kyaukhtu က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ကပြုပြင်ပေးခဲ့တာဖြစ်ပြီး ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်း ဟာ စစ်ကြောင်းမရှိချိန်မှာ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။