![51](https://pantaing.com/wp-content/uploads/2023/11/51-6.jpg)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ အခြေစိုက်တဲ့ ကျားသစ်နက်တပ်မတော် Black Leopard Army တပ်ခွဲ ၁ က ရဲဘော်တွေဟာ မွမ်းမံသင်တန်းဆင်းခဲ့ပြီဖြစ်ပေမယ့် လက်နက်လုံလောက်စွာ မရှိသေးဘူးလို့ Black Leopard Army ဆီက သိရပါတယ်။
ရဲဘော်တွေကို စစ်ဗျူဟာသင်တန်း၊ တိုက်ခိုက်ရေး၊ ကြံ့ခိုင်ရေးနဲ့ စစ်ရေးတွေကိုလက်တွေ့သင်ကြားပေးခဲ့သလို သမိုင်းကြောင်းတွေသိအောင်လည်း စာတွေ့ သင်ကြားပေးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ကိုဥက္ကာက ပြောပါတယ်။
သင်တန်းကို နိုဝင်ဘာလ ၃ ရက်မှ ၂၅ ရက်အထိ သင်ကြားပေးခဲ့ပြီး ၂၆ ရက် မနက်ပိုင်းမှာ သင်တန်းဆင်းပေးခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာ ရှိနေဆဲ ရဲဘော်အင်အားနဲ့ လက်နက်အင်အားက လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။
မွမ်းမံသင်တန်းမှာ ကျားသစ်နက်တပ်မတော် Black Leopard Army တပ်ခွဲ ၁ က ရဲဘော် ၃၇ ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သူတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်ပိုင်နံပါတ်ကျပြီးသား ရဲဘော်တွေ ဖြစ်တယ်လို့ ကိုဥက္ကာက ပြောပါတယ်။
တပ်ဖွဲ့အတွင်းရှိ အင်အားတွေအတွက် လက်နက်အနည်းဆုံး ၁၀၀ ခန့်ရှိရမှာဖြစ်ပေမယ့် လိုအပ်နေသေးလို့ ပြည်သူလူထုကို အကူအညီတောင်းခံရမှာပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ကျားသစ်နက်တပ်မတော် Black Leopard Army တပ်ဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းနဲ့ ပခုက္ကူခရိုင်အတွင်းမှာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။