![33](https://pantaing.com/wp-content/uploads/2024/02/33-7-1024x683.jpg)
FILE PHOTO: Thailand's Prime Minister Srettha Thavisin speaks during a press conference after a weekly cabinet meeting at the government house in Bangkok, Thailand, September 13, 2023. REUTERS/Athit Perawongmetha/File Photo
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုုက်သော စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီက လာမည့်ဧပြီလကုန်မှစတင်၍ စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်များကို စစ်ထဲသို့ ခေါ်ယူမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာလျှောက်ထားသူ အလွန်များပြားလာကြောင်း၊ ယင်းသို့ များပြားလာမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ထိုသို့ မှတ်ချက်ပြုခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက သတင်းဖော်ပြသည်။
“ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်လာတယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူ ရပါလိမ့်မယ်။ ဒီအတွက်ကိုလည်း လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေနဲ့ ကျနော်ဆွေးနွေးထားပြီးပါပြီ” ဟု ထိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
ထိုင်းဝန်ကြီးချုပ်က ထိုင်းလူမျိုးများ လုပ်ကိုင်သော အလုပ်အကိုင်များကို မြန်မာများက ရယူသွားမည်ကိုလည်း စိုးရိမ်မှုများကို လျော့ပါးစေရန်လည်း ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။
“ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းအောက်မှာပဲရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက လုပ်သားအင်အားတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဥပဒေ လု့ပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသော မြန်မာလူငယ်များ များပြားနေပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် နေ့စဉ် လူရာပေါင်းများစွာ ထိုင်းနိုင်ငံ ဗီဇာလျှောက်ထားရန် တန်းစီနေကြကြောင်း သိရှိရသည်။