![27](https://pantaing.com/wp-content/uploads/2024/02/27-1-1024x810.jpg)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ရွာမှ ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 7 STAR People Revolution Force Kyause မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အောင်ဇော်ကို 7 STAR People Revolution Force Kyause အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။