![21](https://pantaing.com/wp-content/uploads/2023/07/21-15.jpg)
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင် စခန်း တစ်ခုက ကလေးငယ်တွေ အတွက် ထမင်းဟင်းနဲ့ အချိုရည်၊ မုန့်တွေကို ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ မနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့တယ်လို့ Revolution Supporting Team တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းရှိ ကိုယ်ထူကိုယ်ထကျောင်းမှာ ကလေးငယ် ၂၀ဝ ဦးကျော်ရှိပြီး ဆရာ၊ ဆရာမ ၈ ဦးက အဓိက ပညာသင်ကြား ပေးနေတယ်လို့ သိရပါတယ်။
“ကလေးဆိုတာက ပြည်နယ်ရဲ့ တိုးတက်စေဖို့ အတွက် လမ်းစပဲဗျာ။ ကလေးငယ်တွေ အတွက် စာရေး ကိရိယာတွေ အများကြီး လိုအပ်နေပါတယ်။ ဒီလိုပဲ အခက်အခဲတွေနဲ့ တိုင်တွေပတ်နေရင်တော့ ရေရှည်ဆို ပိုခက်ခဲလာနိုင်တယ်” လို့ Revolution Supporting Team တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ကလေးငယ် ၂၀၀ ဦးကျော်ဟာ KG တန်းကနေ ၆ တန်းအထိ ပညာသင်ကြားနေပြီး သင်ထောက်ကူနဲ့ ပုံနှိပ်စာအုပ်တွေ၊ ဘောပင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ ကလေးငယ်တွေ ပညာသင်ကြားဖို့ အတွက် အခက်အခဲတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ပထမ အပတ်က စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။