![26](https://pantaing.com/wp-content/uploads/2023/07/26-9-1024x579.jpg)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူ စောထီးများ ကို ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မ ဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့လည် ၁၁ နာရီခန့်က အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော အလယ် ကျွန်း ပျူစောထီးရွာရှိ စခန်းများကို Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြုပီး 1Kg ဗုံးသီး ၃ လုံးဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ပျူစောထီးများ ထိ ခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ ( KLG PDF ကျောက် လုံးကြီး) အဖွဲနှင့်အတူ Northern Tigers Group.Sagaing Regionအဖွဲ့တို ပူးပေါင်းက တိုက်ခိုက် ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဆက်လက်ရှင်းလင်းတိုက်ထုတ်နိုင်ရန် မိဘ ပြည် သူများမှ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။