![43](https://pantaing.com/wp-content/uploads/2024/02/43-6.jpg)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား ၆၀ခန့်ပါတဲ့ စစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၂နာရီ ၃၀မိနစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းက ယာယီအခြေပြုတပ်စွဲနေတဲ့ အဆောက်အဦး ဧရိယာအတွင်းကို ဝင်ရောက်လာတာကို ကင်းထောက်ဒရုန်းနဲ့ မြင်တွေ့နေတာကြောင့် လက်လုပ် ၁၂၀မမဗုံးသီး ၃လုံးနဲ့ မိုင်းမင်းသား ပြောက်ကြားတပ်ဖွဲ့ရဲ့ fixed wing လေယာဉ်နဲ့ လက်လုပ် ၆၀မမ ဗုံးသီး ၂လုံး တို့နဲ့ ကောင်းကင်ယံမှ ဒရုန်းဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရှိရပြီး တပ်ရင်းစခန်းမှ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို BGS Ayadaw Drone Force နဲ့ Ayadaw Rocket ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့နဲ့ မုံရွာခရိုင် တပ်ရင်း၁၉ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။