![19](https://pantaing.com/wp-content/uploads/2024/02/19-2.jpg)
JungKook ဟာ အခုဆိုရင် KOMCA အဖွဲ့အစည်းရဲ့ တရား၀င် songwriter တစ်ယောက်အဖြစ် FULL MEMBER ၀င် ဖြစ်ကြောင်း KOMCA ဘက်က အတည်ပြု ထုတ်ပြန်လိုက်ပါပြီ
KOMCA ဘက်က FULL MEMBER အဖြစ် အတည်ပြုဖို့အတွက် songwriter တစ်ယောက်အနေနဲ့ –
- KOMCA Junior Membership ကို အနည်းဆုံး သုံးနှစ်နဲ့အထက် ကိုင်ဆောင်သူ ဖြစ်ရပါမယ်
- နှစ်တစ်နှစ်ချင်းဆီမှာ copyrighted, credit ရရှိထားတဲ့ သီချင်းတွေကနေ royalties – သတ်မှတ်ထားတဲ့ ငွေပမာဏ ရရှိရပါမယ် ( 30M Won – USD 22,000 ၀န်းကျင်ခန့် )
- KOMCA အဖွဲ့စည်း အမှုဆောင် ဒါရိုက်တာတွေရဲ့ ထောက်ခံချက်တို့ ရှိရပါမယ်
![](https://thadinn.com/wp-content/uploads/2024/02/22-2-576x1024.jpg)
JungKook က KOMCA မှာ Full Member ဖြစ်လာတဲ့ BTS ရဲ့ ၄ယောက်မြောက် အဖွဲ့၀င် ဖြစ်ပါတယ်။ SUGA (2018) , RM, J-HOPE (2020) တို့နောက် JungKook က 2024 မှာ KOMCA ရဲ့ Full Member ဖြစ်လာတာပါ
Jungkook ဟာ 2013 ခုနှစ်မှာ ပွဲဦးထွက်ကတည်းက BTS အဖွဲ့ရဲ့ သီချင်းတွေဖြစ်တဲ့ “RUN” ၊ “LOVE IS NOT OVER” “MAGIC SHOP” “STAY” နဲ့ “Run BTS” စတဲ့ သီချင်းတွေမှာ သီချင်းရေးဆရာအဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။
BTS အဖွဲ့သီချင်းများအပြင် သူ့ရဲ့တစ်ကိုယ်တော် Solo သီချင်းများဖြစ်သည့် “DREAMERS”၊ “STILL With YOU” နှင့် “MY YOU” စသည့် သီချင်းများကိုလည်း ကိုယ်တိုင်ရေးသားခဲ့သူ ဖြစ်သည်။
![](https://thadinn.com/wp-content/uploads/2024/02/23-2.jpg)
ယခုလက်ရှိ JungKook မှာ KOMCA credit total – 22 ခု ရှိပါတယ်
နှစ်တိုင်းအတွက် ၂၅ယောက်သာ full member အဖြစ် promote လုပ်ခံရတာ ဖြစ်ပြီး ဒီနှစ်အတွက် promote ခံရတဲ့ စာရင်းထဲမှာ Jungkook အပါအ၀င် idol ၃ယောက်သာ ပါ၀င်ပါတယ်။
Full Member တစ်ယောက်အနေနဲ့ Jungkook ဟာ ထိပ်သီးအစည်းအဝေး/အစည်းအဝေးတွေကို တက်ရောက်နိုင်ပြီး အဲဒီညီလာခံတွေမှာ မဲပေးနိုင်ခွင့် ရှိမှာဖြစ်ပါတယ်။
CONGRATULATIONS JUNGKOOK
![](https://thadinn.com/wp-content/uploads/2024/02/24-2-745x1024.jpg)