
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လကနေ ဒီကနေ့အထိ တိုက်ပွဲ ၇၅ ကြိမ်ထက်မနည်း ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးကာ တစ်ဦး အရှင် ဖမ်းမိထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။