![76](https://pantaing.com/wp-content/uploads/2024/05/76-3.jpg)
စိတ်ဓာတ်တူရဲဘော် ၇ယောက် နဲ့အတူ ငွေ သုံးသောင်းတည်းနဲ့ မတည်ပြီး တည်ထောင်ခဲ့တဲ့ Myingyan Black Tiger (MBT)တပ်ဖွဲ့ တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားကို မေ ၂၁ရက်မှာ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ တပ်တော် တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်း အနား၊ စစ်ရေးပြပွဲနဲ့ တပ်ဖွဲ့တာဝန်ခံရဲ့ မိန့်ခွန်းပြောပွဲကို ဌာနချုပ်စခန်းတည်ရှိရာ နယ်မြေအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
စိတ်ဓာတ်တူရဲဘော် ၇ယောက်နဲ့အတူ ငွေ သုံးသောင်းနဲ့ မတည်ပြီး ၂၀၂၂ခုနှစ် မေ ၁ရက်နေ့က တည်ထောင်ခဲ့တဲ့ MBTတပ်မှာ အခုဆို တပ်သား ၁၀၀ကျော်နဲ့ ရေလည်ကျွန်းဒေသ၊ မြင်းခြံဒေသ စတဲ့နေရာတွေမှာ အာဏာလု အကြမ်းဖက်စစ်အုပ်စုကို တိုက်ပွဲပေါင်း ( ၂၀၀) ကျော်ခန့် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့ပြမှ ကျောင်းသားလူငယ်အများစုနဲ့ ဖွဲ့စည်းခဲ့တဲ့ MBTတပ်ဖွဲ့မှာ လက်လုပ်သေနတ်တွေကိုသာ အဓိကထား တိုက်ပွဲဝင်ခဲ့ရပြီး မလျှော့သောဇွဲနဲ့ အကြမ်းဖက်စစ်အုပ်စုကို အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကတိသစ္စာပြု ထုတ်ပြန်ထားပါတယ်။