![66](https://pantaing.com/wp-content/uploads/2023/12/66-2.jpg)
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသပြည်သူလူထုပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် “လူထုအကျိုးကိုရှေးရှုကြ ဖောက်ပြန်သူမှန်သမျှတော်လှန်ကြ” ၊ “တော်လှန်ရေးရဲ့အဆုံးဖြတ်ဟာ လူထုမှတပါးအခြားမရှိ” စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။