
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာကို သြဂုတ်လ၁၄ ရက် မနက် ၅ နာရီကျော်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် စစ်ရှောင်ခိုလှုံနေတဲ့ အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ Ngazun People’s Defense Force က ပြောပါတယ်။
သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂ ဦးဟာ မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ်၊ အောင်သုခကျေးရွာကဖြစ်ပြီး သူတို့ဟာ သြဂုတ် ၆ ရက်မှာ ၎င်းတို့ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် မြင်းမူမြို့နယ်ဘက်မှာ လာရောက် စစ်ရှောင်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။