![11](https://pantaing.com/wp-content/uploads/2023/07/11-22-rotated.jpg)
This screengrab provided via AFPTV and taken from a broadcast by Myanmar Radio and Television (MRTV) in Myanmar on February 3, 2021 shows military chief General Min Aung Hlaing chairing a meeting at the Union of Myanmar Federation of Chambers of Commerce and Industry in Naypyidaw following February 1 military coup. (Photo by - / Myanmar Radio and Television / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / Myanmar Radio and Television via AFPTV" - NO MARKETING - NO A
ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့မှု ရရှိသော အမေရိကန် ဒေါ်လာ ပို့ကုန်ဝင်ငွေများကို အပြည့်အ၀ အသုံးပြုခွင့်ပေးရန် UMFCCI ကုန်သည်စက်မှုအသင်းချုပ်မှ စီးပွားရေးသမားများက တောင်းဆိုကြသော် လည်း မင်းအောင်လှိုင်က သဘောမတူဘဲ ပယ်ချလိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်ထံသို့ စီးပွားရေးသမားများက တွေ့ဆုံပွဲများ တွင်လည်းကောင်း၊ စာရေးသား၍ လည်းကောင်း ပို့ကုန်ရငွေများကို ၁၀၀ ရာခိုင်နှုန်း လုပ်ငန်းရှင်များကို အသုံးပြုခွင့်ပေးရန် တောင်းဆိုကြသော်လည်း မင်းအောင်လှိုင်က သဘောမတူညီဘဲ ပယ်ချနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇူလိုင်လ ၂ ရက်နေ့ပွဲမှာလည်း ပို့ကုန်ရငွေတွေ ၁၀၀ ရာခိုင်နှုန်း လုပ်ငန်းရှင် တွေကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုတယ်။ နောက်တစ်ခါ တပ်ချုပ်ဆီ စာပို့ပြီး တော့လည်း တောင်းဆိုတယ်။ ဒါပေမယ့်လည်း နစက ဘက်ကတော့ အဲဒါကို ပယ်ချတယ်။ အခု ပို့ကုန်တွေ ထိုးကျနေတာ အဲဒါကြောင့်လည်း ပါတယ်” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။
စစ်ကောင်စီက မြန်မာနိုင်ငံမှ ထွက်ကုန်များကို ပြည်ပသို့ တင်ပို့မှ ရရှိသော ပို့ကုန်ရငွေများကို စစ်တပ်ဘဏ်များထံသို့ ၅၀ ရာခိုင်နှုန်း ပေးသွင်းစေပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုသာ လုပ်ငန်းရှင်များက သုံးစွဲခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီက ငွေစက္ကူသစ် နှစ်သောင်းတန် ထုတ်ဝေရန် ပြင်ဆင်နေသဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၃၄၀၀ ဝန်းကျင်တွင်ရှိနေသော်လည်း စစ်ကောင်စီက ရည်ညွန်းငွေလဲနှုန်း တစ် ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဖြတ်တောက် ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။