
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများကပြောဆိုသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း သိရသည်။
” ထီးချိုင့်နယ်ထဲက ပျဉ်းစုရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက အခု ရွာကို ဂျက်ဖိုက်တာနဲ့ လာပစ်နေတယ်။ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်လက်ရှိချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။