
ထိုင်းနိုင်ငံရှိ စင်ကာပူသံရုံးကို ပြည်ပရောက် မြန်မာနိုင်ငံသားများက စစ်ကောင်စီကို လက်နက်ရောင်းချမှု ရပ်တန့်ရန် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၌ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။
စင်ကာပူ သံရုံးကို အိတ်ဖွင့်ပေးစာ သွားပို့သော ပြည်ပ ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့စာအုပ်များကို ထိုင်းရဲက ဓာတ်ပုံ ရိုက်ယူပြီး အလုပ်သမားကတ်များကို စစ်ဆေးကာ လူကိုလည်း ဓာတ်ပုံရိုက်သွားကြောင်း သိရှိရသည်။