
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆို-ဒေါညေးခူ လမ်းပိုင်းမှာ ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အဆိုပါ လမ်းပိုင်း အသုံးမပြုဖို့ KNDF က ထုတ်ပြန် အသိပေးပါတယ်။
ဒီကနေ့ မနက်ပိုင်းကစပြီး အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းငယ်တွေခွဲကာ ထီးပေါ်ဆို-ဒေါညေးခူ လမ်းပိုင်းကို အသုံးပြုပြီး ဖရူဆိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာလို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် အဆိုပါ လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ KNDF က အရေးပေါ် အသိပေးထားပါတယ်။