![31](https://pantaing.com/wp-content/uploads/2024/05/31-9.jpg)
စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်း ရဲ့ တပ်တည် ထောင်ခြင်း (၃) နှစ်ပြည့် နဲ့ စနိုက်ပါ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သစ္စာရေသောက်ခဲ့ကြ တယ်လို့ Sagaing People Defence Force Battalion က ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် နဲ့ စနိုက်ပါသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၅ ရက်၊ တပ်ရင်း နယ်မြေမှာ ပူးတွဲ ပြုလုပ်ခဲ့ပြီး စနိုက်ပါ သင်တန်းဆင်းရဲဘော်များ ကျမ်းသစ္စာ ကျိန်ဆိုတာ၊ တပ်ရင်း ရဲဘော်များ အားလုံး သစ္စာရေ သောက်ခဲ့ ကြတာပါ။
အဆိုပါ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံအား အလေးပြုတာ၊ ကျဆုံး ရဲဘော်များကို အလေးပြုတာတွေပြုလုပ်ခဲ့ပါတယ်။
ဒါအပြင်တပ်ရင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ၃ နှစ်တာ ကာလအတွင်း တပ်ရင်း အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲများ၊ အောင်မြင်မှုများ၊ နောင်လုပ်ငန်း စဥ်များ ဆွေးနွှေးပြောကြားခဲ့ပြီး၊ အာဏာရှင်စနစ် အမြစ်ပျက်တဲ့အထိ တိုက်ပွဲဝင်သွားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလ ထူးချွန်ဆုရ ရဲဘော်များ နဲ့ တပ်ရင်း တည်ထောင်ခြင်း အထိမ်းအမှတ် အားကဏားပြိုင်ပွဲမှာ ဆုရသူများ ကို ဆုချီးမြှင့်ခဲ့တယ်လို့ Sagaing People Defence Force Battalion အသိပေး ထုတ်ပြန်ထားပါတယ်။