December 28, 2024

Myanmar – TD

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက ကျွန်းကုန်းကိုပြန်တိုက်ယူဖို့တက်လာတာဖြစ်ပြီး မန်မော်ကျေးရွာနီး ဟုမ္မလင်း PDFမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေခြုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ထိခိုက်သေဆုံးအထိနာသူတွေများကာ ဆယ်ချောင်းကျေးရွာထဲကိုတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်ကောင်စီတပ်) အလောင်းတစ်လောင်းက ကျန်ခဲ့တယ်မကောက်သွားဘူး ဒဏ်ရာကတော့ ၁၀ ယောက်ကျော်ရသွားတယ် အထိနာတာများတော့ ဆယ်ချောင်းရွာထဲကိုပြန်ဆုတ်သွားတယ်အဲ့မှာ SNA စခန်းရှိတယ်လေးလောလောဆယ်အဲ့မှာတပ်စွဲနေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ အရပ်သား ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက လက်ရှိကျွန်းကုန်းကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဆယ်ချောင်းကျေးရွာမှာတပ်စွဲနေတာဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးတွေက စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိနေတဲ့ ကျွန်းကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကုန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေက မတ်လ ၃၀ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၈ ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကျွန်းကုန်းကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေမတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ရာလက်ရှိ ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ရက္ခိုင့်တပ်တော်(AA)က ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။ အနောက်တိုင်းပိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်ရေးပစ်မှတ်နေရာ သုံးနေရာကို ဧပြီလ ၉ရက်ညတွင် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရင်းမြစ်ကပြောသည်။ “ဒရုန်းသုံးပြီးတိုက်ခိုက်တာပါ။လေယာဉ်ပြေးလမ်းကိုလည်းထိတယ်။ ကျန် ပစ်မှတ်ကိုလည်း...
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်တွင် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားခေါင်းခန်းမိုင်းထိကာ ပျက်စီးသွားကြောင်း​ တိုက်ခိုက်ခဲ့​သောအဖွဲ့က​ပြောသည်။ ယနေ့ ​(ဧပြီ၁၀ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က စစ်ကိုင်းမြို့တပ်မ(၃၃)မှ စစ်ကောင်စီတပ်သားအပြည့်ပါ တွဲကားခေါင်းပြာတစ်စီးနှင့် ခေါင်းဖြူတစ်စီးအား မြင်းမူမြို့အဝင်တွင်...
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ ယမန်နေ့ (ဧပြီ၁၀)ရက် နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၇လမ်း၊၂၃လမ်းလမ်း နှင့် ၂၄လမ်းကြားရှိ သီရိမာလာအရှေ့ရပ်ကွက်ရုံးနှင့် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊...
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိ ခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကိုလည်း ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့် ပေးမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယနေ့ ထုတ်ဖော်ပြောဆိုသည်။...
■ စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံးပစ်သူများကို ရှာဖွေနေ၊ ပစ်ခတ်သည့်အဖွဲ့မူ လေတပ်အရာရှိနှင့်တပ် သား တချို့ ထိခိုက်သေဆုံးဟုဆို နေပြည်တော် အေလာလေတပ်စခန်းသို့ ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့်...
■ ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော...
မြ၀တီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က...