January 23, 2025

English – General

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက်မှုဇုံရပ်ကွက်၊ ကျောက်ဂူဘုန်းကြီးကျောင်းအနီးတောလမ်းမှာ ဒီဇင်ဘာ(၉)ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ အသက် (၃၀)အရွယ် အမျိုးသမီး‌တစ်ဦး သေဆုံးကာ၊အသက်(၂၀)အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။...
လောင်းလုံးမြို့နယ်မှာ စရဖရုံးနဲ့ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်က ရေချောင်းထဲမှာ စစ်ကောင်စီတပ်ဘက်က မိုင်းတွေလိုက်ထောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုလ ၆ ရက်နေ့က လောင်းလုံး စရဖရုံးနဲ့ရဲစခန်းတိုက်ခိုက်ခံရပြီး နောက်တရက်မှာ ထွေအုပ်ရုံးရဲ့အနောက်ဘက်က ရေချောင်းတလျှောက်ကို မိုင်းတွေလာထောင်ခဲ့တယ်လို့...
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အသက်(၂၂)နှစ်အရွယ် အန်နာမူဟာဆောင်းကိုယမန်‌နေ့ (ဒီဇင်ဘာ ၈ရက်) ညနေက အသတ်ခံရခြင်းဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။...
ပြည်တွင်း၌ ဓါတ်ဆီနှင့်ဒီဇယ်အပါအဝင်ရေနံထွက်လောင်စာဆီများကို ဂါလံ ၅၀ ပိုမိုသိုလှောင်ခြင်းနှင့် သယ်ဆောင်ခြင်းတို့ကို ဒီဇင်ဘာ ၁၀ ရက်စတ၍ မပြုလုပ်ကြရန် စစ်ကောင်စီက တားမြစ်သည်။ ထိုသို့ ဆောင်ရွက်လိုပါက လိုင်စင်ရယူရမည်ဖြစ်ပြီးလိုင်စင်မရှိဘဲ သို​လှောင် ၊သယ်​ဆောင်ပါက...
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရက္ခိုင်အပါအဝင် နိုင်ငံအနှံ့တိုက်ပွဲတိမာ အဖက်ဖက်ကထိခိုက်ကျဆုံးမှုတိ အလွန့်အလွန်များပြားနီရေ စစ်ကောင်စီစွာ စစ်တိုက်ဖို့ စစ်သားမဟိသလောက်ဖြစ်လားရေခါ အကျဉ်းထောင်တိအတွင်း အကျဉ်းကျနီရေ စစ်ဗြီး၊ရဲဗြီးတိ အပါအဝင် ထောင်သားတိကိုတိတ်တဆိတ်ခိုးထုတ်ပနာ ရှိတန်းစစ်မြီပြင်တိသို့ ပို့နီကြောင်း သတင်းတိ ထွက်ပေါ်နီပါရေ။ ရက္ခိုင်ပြည်မာလည်း...
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဆားလင်းကြီးမြို့နယ် စစ်ရှောင်ပြည်သူများကို အလှူရှင်များ ကိုယ်စား ထမင်းတစ်နပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကြံခင်းမြို့တွင် ပြည်သူများက “ပြည်သူ့ကျိန်စာသင့်မှာ အမှန်မို့ နောက်မကျခင် အလံဖြူထောင်စို့” စာသားကိုင်စွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။