ချောင်းဦးမြို့နယ်၊ညောင်ပင်တဲကျေးရွာမီးဘေးသင့်ကလေးငယ်များကိုhope for people က အလှူရှင်များကိုယ်စား အနွေးထည်များလှူဒါန်းပြီး ထမင်းတနပ်စာကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
English – General
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)နှင့် လူထုစည်းရုံး လှုံ့ဆော်ရေးဆပ်ကော်မတီတို့ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ တော်လှန်ရေး ရုပ်ရှင်ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီအနေဖြင့် ယနေ့ ဒီဇင်ဘာလ(၂၆)ရက်နေ့ညတွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ပြည်သူလူထုအား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုတေဇာဆန်း နှင့် တော်လှန်အနုပညာရှင်ရဲဘော်များက လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခြေအနေများအား တင်ပြစည်းရုံးသည့် ရုပ်ရှင်များ...
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၀၇ရက်မြောက်နေ့တွင် ကိုဖိုချမ်း ကျဆုံးခြင်း ၂နှစ် ၉လပြည့်နေ့ဖြစ်သည့်အတွက် ကိုဖိုးချမ်းဂူဗိမာန်ဆီသို့ ချီတက်အလေးပြုခဲ့ကြကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။
ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်က စခန်းတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။...
မန္တလေး၊ အိုးဘိုထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့အမျိုးသမီးတွေကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်မှာ ထမီရင်ရှားနဲ့ပုံစံထိုင်ခိုင်းတာတွေပြုလုပ်တာကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံလောက် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဆီက...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ “China: Stand Together with the Oppressed People of Myanmar for Our Future” ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး...
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နမ္မတူဘက်က အဝင်လမ်းကို စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်ထားတာကြောင့် နမ္မတူက စစ်ရှောင်အများအပြားဟာ မန်စံရွာမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးကနေ...
ဆားလင်းကြီးမြို့နယ် မီးလောင်အိမ်ခြေ ၆၅၀အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စောင်အထည် ၆၅၀ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။