January 12, 2025

English – General

မန္တလေးတိုင်း၊ မတ္တရာမြို့၊ မြို့မစျေးဆိုင်က ဆန်၊ ဆီ ရောင်းဝယ်တဲ့ဆိုင်တွေကို စစ်တပ်က အတင်းအကြပ် လျော့စျေးနဲ့ရောင်းခိုင်းနေပြီး မရောင်းတဲ့ဆိုင်ပိုင်ရှင်တဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ စက်တင်ဘာလ ၆ ရက်မနက်ပိုင်းမှာ...
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်ကုန်းကျေးရွာတပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များ ယနေ့(စက်တင်ဘာ ၆ရက်) တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီအထိနာသလို ကာကွယ်ရေးရဲဘော် လေးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ “မနက်ကတည်းက ချနေတာပါ။ စစ်ကြောင်းကို ကာကွယ်‌ရေးအဖွဲ့တွေက ပိတ်တိုက်နေတာပါ။ ဒီနေ့ခင်းအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ထားပါတယ်”...
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသများ၌ ယနေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု ကချင်သတင်းရင်းမြစ်နှင့် ဒေသခံက ပြောသည်။ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လာခြင်းကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်အပါအဝင်...
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းမှာ လုပ်ငန်းတွေ ဆောင်ရွက်လိုတဲ့ NGO၊ INGO အဖွဲ့အစည်းတွေအနေနဲ့ ခွင့်ပြုချက်တောင်းယူဖို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၅ ရက်မှာ ကြေညာထားပါတယ်။ မတူပီမြို့နယ်အတွင်း အစိုးရမဟုတ်တဲ့ NGO/...
စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ဗီဂိုးကားတစ်စီး တနင်္သာရီမြို့နယ်ထဲက တပ်ရင်းနှစ်ခုကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ မော်တုန်းရွာအခြေစိုက် အမြောက်တပ်ရင်း(၃၀၆) နဲ့ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၇) ကြားက အော်ကြီးရွာဘုရားတောင်ခြေအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီကနေ့မနက်...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြေးမုံကျေးရွာအနီးတွင် ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၅နာရီခန့်က ခမရ(၇၀၃)မှ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က လုံချည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ် ကျောင်း၀န်းအတွင်း စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျောင်းသားတော်လှန်ရေး အင်အားစုတချို့မှ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေး သပိတ်အင်အားစုများ ပြုလုပ်လျက်ရှိသော...