January 10, 2025

Kyaw Kyaw, Tha Din

ယင်းမာပင်မြို့နယ်တွင်ရှိ ကျဆုံးရဲဘော် ၄ ဦး၏ မိသားစုဝင်များအတွက် အလှူငွေနှင့် စောင်၊ခြင်ထောင်၊ဆန်၊ဆီ၊စားသောက်ကုန်များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊လက်ပံတောင်းတောင် လူထုသပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ “စစ်မှန်သော လွတ်လပ်မှုအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ ကြပါတယ်။
စစ်ကိုင်းတိုင်း၊နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်အင်အားစုကဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ “သို့တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ရွာကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင်အရပ်သားနှစ်ဆယ်ကျော်ထိခိုက်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း...
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကာ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသပြည်သူများက ပြောဆိုကြသည်။ ယနေ့...
ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် စစ်အကြမ်းဖက်အုပ်စု၏ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခြင်း ခံရသည့် ရဲဘော် ၁၀ဦး ကျဆုံးခြင်း ၂နှစ်နှင့် ၁လပြည့် ဝမ်းနည်းခြင်းအခမ်းအနား ကျင်းပခြင်းနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာvစစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာ သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ဖျောင်းထက်မြို့တွင်နှစ်ဦးသပိတ် အောင်ပွဲနိမိတ်လူထုဆန္ဒပြပွဲကို ကျင်းပခဲ့ကာ ဆန္ဒပြပွဲတွင် လူ ၈၀ ဦး ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် ထောက်ပို့အရှိန်အဟုန်မြင့်တင်ပြီး မိမိတို့စွမ်းနိုင်ရာဖြင့် နွေဦးတော်လှန်ရေးကို အောင်မြင်ပြီးဆုံးသည့်အထိပါဝင်ဆင်နွဲကြရန် တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက မိန်ကြားခဲ့ကြောင်း...
ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဥ်အတွင်း တော်လှန်လူငယ်များက ဦးဆောင်ကာ “အညံ့ခံမလား အသေခံမလား” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၇) နံနက်က ပြုလုပ်ခဲ့သည်။ ယင်းဆန္ဒပြ လှုပ်ရှားမှုကို...