မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေးအဖွဲ့တွေက ဧပြီ ၉ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်ချအညံ့ခံခဲ့ကြပြီး လက်နက် ၁၀...
Kyaw Kyaw, Tha Din
ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ၁၉၂ နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းကို အလှူရှင်ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ရှောင်ပြည်သူများကို အအေးနှင့် ခေါက်ဆွဲကြော်များကိုလည်း အလှူရှင်များကို ကိုယ်စားလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာတောင်ဘက်၌ ရိက္ခာရှာထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က ပြောကြားသည်။ ဧပြီလ...
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်ရန် ရှိနေသည့် နဂါးနှစ်ကောင် ဆရာတော်၏ ဈာပန အခမ်းအနားကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်သော်လည်း ဒရုန်းဖြင့် ဗုံးကျဲခံရမည်ကို စိုးရိမ်နေ၍ လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း...
မြန်မာစစ်တပ်ကို လေယာဥ်ဆီ တင်ပိုခြင်း(သို့မဟုတ်)ရောင်းချခြင်း မပြုရန် အစိုးရများကို တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီ ၄ ရက်တွင် ချမှတ်လိုက်သည်။ UNHRC ၏ အဖွဲ့ဝင် ၄၇ နိုင်ငံက...
ရန်ကုန်မြို့ရှိ YBS ကားများပေါ်တွင် ယနေ့ (ဧပြီ ၅) နံနက်ပိုင်း၌ ရန်ကုန်လူထုသပိတ်မှ တော်လှန်လူငယ်များက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် “စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ” စာသားပါ စတေကာများကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး...
ယင်းမားပင်မြို့နယ်တွင် ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်နှင့် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်တို့ ပူးပေါင်းကာ စစ်အာဏာရှင်အလိုမရှိ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ယမန်နေ့ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ က ပြောဆိုကြသည်။ ဧပြီလ ၄ ရက်နေ့ ည ၈ နာရီ...
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက ကျွန်းကုန်းကိုပြန်တိုက်ယူဖို့တက်လာတာဖြစ်ပြီး မန်မော်ကျေးရွာနီး ဟုမ္မလင်း PDFမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေခြုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ထိခိုက်သေဆုံးအထိနာသူတွေများကာ ဆယ်ချောင်းကျေးရွာထဲကိုတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်ကောင်စီတပ်) အလောင်းတစ်လောင်းက ကျန်ခဲ့တယ်မကောက်သွားဘူး ဒဏ်ရာကတော့ ၁၀ ယောက်ကျော်ရသွားတယ် အထိနာတာများတော့ ဆယ်ချောင်းရွာထဲကိုပြန်ဆုတ်သွားတယ်အဲ့မှာ SNA စခန်းရှိတယ်လေးလောလောဆယ်အဲ့မှာတပ်စွဲနေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ အရပ်သား ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက လက်ရှိကျွန်းကုန်းကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဆယ်ချောင်းကျေးရွာမှာတပ်စွဲနေတာဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးတွေက စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိနေတဲ့ ကျွန်းကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကုန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေက မတ်လ ၃၀ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၈ ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကျွန်းကုန်းကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေမတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ရာလက်ရှိ ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ မှ စကစတပ်သား တဦးဟာ ABSDF စစ်ကြောင်း ၂ ထံသို့ မတ် ၃၀ ရက်က MA...