ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး အချိန်တိုကာလအတွင်း မြို့ပေါင်း ၂၀ ကျော်နှင့် စစ်တပ်စခန်း ၄၀၀ ကျော်ကို သိမ်း ပိုက်နိုင်ခဲ့ပြီဖြစ်ကာ လက်နက်ချ အညံ့ခံသူ စစ်သား ၅၅၀ ကျော်ရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောဆိုသည်။
၂၀၂၄ ခုနှစ် နှစ်သစ်ကူးကာလ နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နွေဦးတော်လှန်ရေး ၃ နှစ်တာကာလအတွင်း KNU က စစ်ကောင်စီတပ်သား ၁၈၀၀၀ ကျော်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန် ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောဆိုသည်။