တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အကြမ်းဖက် စစ်တပ်၏ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို PDF တပ်ဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ အမှတ် ၁၂ ကုတင် ၁၀၀ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို တော်လှန်ရေး ရဲဘော်များက ၄၀ မမ ဗုံးသီး ၁၂ လုံးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုအတွင်း အိမ်ရာအတွင်းရှိ အကြမ်းဖက် စစ်တပ်မှ အရာရှိ တချို့ ထိခိုက် ဒဏ်ရာရရှိပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ DGRF က ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ DGRF တပ်ခွဲ ၂ နှင့် ဥသြ စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။