ထားဝယ်ခရိုင်၊လောင်းလုံးမြို့(ဃ)ရပ်ကွက်ရှိ ညောင်ပင်လမ်းဆုံမှာခရီးသည်ယာဥ်နဲ့လိုက်ပါလာသော အမျိုးသား၁ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၇ရက် မနက်ပိုင်းက စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာ ၇ရက်၊ နံနက် ၁၀ နာရီခွဲခန့်မှာ ထားဝယ်မှလောင်းလုံးဖက်သို့ဆင်းလာသော ခရီးသည်တင်ယာဥ်ကိုစစ်သားများတားစစ်၍ကားပေါ်ပါလာသောအသက် ၂၀ ခန့်လူငယ်ကိုဖမ်းဆီးခဲ့ကြောင်း ဒေသခံတဦးကဆိုသည်။
“ထိုင်းနိုင်ငံမှာအလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ကောင်လေးလို့သိရပါတယ်။စစ်သားတွေဘာအမှုနဲ့ဖမ်းခေါ်ခဲ့လဲတော့ သေချာ မသိရသေးပါဘူး။ သူစီးလာတဲ့ကားကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်”ဟု၎င်းက ပြောသည်။
ထိုလူငယ်မှာ လောင်းလုံးမြို့နယ်အောက်ပိုင်းတစ်နေရာရှိ “ရဘဲ”ရွာဇာတိဟု ဒေသခံများမှ ပြောဆိုသော်လည်း DICမှမတည်ပြုနိုင်သေး၍ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။