ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနှင့် ကော့နွဲ့ကျေးရွာကြားရှိ အံကလော် တံတားထိပ်၊ သရက်ခြံသို့ စစ်ကြောင်းထိုး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၅ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၁၀ ဦးကျော်ဖြင့်ကော့ကရိတ်မြို့နယ်၊ ရွာ သစ်ကုန်းကျေးရွာနှင့် ကော့နွဲကျေးရွာအကြားရှိ အံကလော်တံတားထိပ်၊ သရက်ခြံသို့ စစ်ကြောင်း ထိုးကင်းပုန်းဝပ်လာသော တပ်မ ၄၄ လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“စစ်ကြောင်းထိုးကင်းပုန်းလာဝယ်တာဗျ၊ ၁၀ ဦးထက်နည်းရှိတယ်၊ ၆၀ မမ ဗုံးသီး ၃ လုံးနဲ့ ဗုံးသီးငယ် ၃ လုံး ကျဲချခဲ့တာ၊ တိုက်ခိုက်ခံရပြီးတော့ ပြန်တပ်ခေါက်သွားတယ်ဗျ၊ အနည်းဆုံး ၄ ဦးသေပြီးတော့ ဒဏ် ရာ ရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်” ဟု Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း ၁၈ နှင့် ကျားဖြူစစ်ကြောင်းရုံး ဖိုးဆေးမှူးအဖွဲ့နှင့် Saw Dragon Drone Force တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်-ပေါက်ပြင်းလမ်းမပေါ် ဂွေးပင်လယ်ချောင်းအနီး၌ နွံနစ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ထောက်ပို့ကားများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီးကျဲချတိုက် ခိုက်ခဲ့ကြောင်း Myaing U.A.V Fighter တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က ကန်နီ(ပျူ)ရွာသို့ ရိက္ခာပို့ရန် ထွက်လာ သောအကြမ်းဖက်စစ်ကားများနှင့် ခြေလျင်အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ဂွေးပင်လယ်ချောင်း အနီးအရောက် ရွှံ့ဗွတ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် 1 Kg ဗုံး သီးများ အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း လေယာဉ်ငယ် ၂ စီးနှင့် ပန်ကာ ၆ လက်ပါ တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ Myaing U.A.V Fighter မှ ဦးဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပျက်စီးဆုံးရှုံးခဲ့သော လေယာဉ်ငယ်များ ပြန်လည်ဖြည့်တင်းနိုင်ရန် မိဘပြည်သူ များမှ တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးကြပါရန် Myaing U.A.V Fighter အဖွဲ့မှ အနူးအညွတ် မေတ္တာ ရပ်ခံ ထုတ်ပြန်ထားသည်။