စစ်ကိုင်းတိုင်း၊ ကလေးဝမြို့၊ ဆင်အိုင်မကျေးရွာအနီးမှာ ဇူလိုင်(၁၅)ရက်က စတင်ပြီး ဒီနေ့အထိ စစ်အုပ်စုနဲ့ ဒေကာကွယ်ရေးတပ်တွေ ငါးရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွုမှာ အထိနာ အသေများတဲ့ စ်စအုပ်စုက လေကြောင်းပစ်ကူသုံးနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တွေက MFP ကို ပြောပါတယ်။
ကလေးဝမြို့ ဆင်အိုင်မကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဇူလိုင်(၁၅)ရက်မှာ တော်လှန်ရေး အင်အားစုတွေက ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ရာက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်(၁၅)ရက်ကနေ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး မြေပြင်တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ဇူလိုင်(၁၆)ရက်မှာ လေကြောင်းသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ဆင်အိုင်မနဲ့ ကတို့ရွာက နေအိမ်တွေကို လုယက်မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တွေက ပြောပါတယ်။
စစ်အုပ်စု အသေအပျောက်များသလို တိုက်ပွဲအတွင်း မင်းကင်း PDF တပ်ရင်း(၄)က တော်လှန်းရေး တပ်ဖွဲ့၀င်တစ်ဦးနဲ့ ကလေးမြို့ တပ်ရင်း(၁၂)က တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦး ကျဆုံးခဲ့ပါတယ်။
ကလေးဝနယ်တိုက်ပွဲမှာ ကလေးဝ ဒေသကာကွယ်ရေး တပ်ဖွဲ့၊ မင်းကင်း ဒေသကာကွယ်ရေး တပ်ဖွဲ့၊ ကလေး ဒေသကာကွယ်ရေး တပ်ဖွဲ့၊ မင်းကင်းတောင်တွင်း ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းက မဟာမိတ် တပ်ပေါင်းစုတွေ ပူးပေါင်း တိုက်ခိုက်နေတာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ၀င်တွေက ပြောပါတယ်။