အမေရိကန်ပြည်ထောင်စု၊ ကန်တကီပြည်နယ်၊ လူးဝစ်ဘေးမြို့တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသားများ တွေ့ဆုံကြကြောင်း သိရှီရသည်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အဝေးရောက် နွေဦးတော်လှန်ရေးတိုင်းရင်းသားညီကိုမောင်များ တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ ကန်တကီ ပြည်နယ် လူးဝစ်ဘေးမြို့တွင် မတ်လ...
Year: 2024
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးမှ စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ် သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သော အဆိုပါစခန်းအား အမှတ်(၃၄)...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက် တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ (မတ်လ ၂ရက်) နံနက် ၉နာရီခွဲခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား...
ရခိုင်ပြည်အတွင်းတွင် ငြိမ်းချမ်းစွာနေထိုင်နေသော မွတ်စလင်လူမျိုးများကို အာဏာသိမ်းစစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူနေခြင်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။ ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ချေမှုန်းရေး လူထုသပိတ် ဆန္ဒပြကြကြောင်း သိရှိရသည်။ မတ်လ ၃ ရက်နေ့ ယင်းမာပင်မြောက်ခြမ်းမှ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ်စစ်ကြောင်းက နယ်မြေမငြိမ်သက်သည့်ကြားမှ ရဲရဲတောက်ချီတက်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းလွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စားလှယ်များ ၊ KNU နှင့် NUCC တို့ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ယမန်နေ့မှစတင်၍ ကျင်းပနေကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကဗျာဆရာ ကေဇဝင်းကျဆုံးခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၃ ရက်က မုံရွာမြို့၊ ဘုရားနီလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ကဗျာဆရာ ကေဇဝင်းအား အာဏာသိမ်းစစ်တပ်က...
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာတော်လေးကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းထိ ဝင်ရောက်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (မတ်လ၂ရက် နေ့လယ်ပိုင်းက ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်မောင်စိုးဆိုသူသည် နေအိမ်၌...
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AAက ယနေ့ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလကုန်ပိုင်း၌ ပုဏ္ဏားကျွန်းမြို့တိုက်ပွဲ AAက အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာ မြို့မရဲစခန်းကို...
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း SGU ဂဠုန် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နေက ပြောကြားသည်။...