January 10, 2025

Month: June 2023

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဇွန်လဆန်းပိုင်းကစတင်ပြီး လူငယ်တစ်ချို့ကို PDF လို့စွပ်စွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ပြီး လူငယ်အမျိုးသားတွေကို အများဆုံးစွပ်စွဲဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။...
မန္တလေးမြို့ ရှိရွှေဆိုင်များနှင့်ရွှေသန့်စင်လုပ်ငန်းများတွင် ပြည်ပမှတရားမဝင်ရွှေတင်သွင်းခြင်းနှင့်တင်ပို့ခြင်းများ ဆောင်ရွက်နေသည်ဟုဆိုကာ ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မန္တလေးရွှေအသိုင်အဝိုင်းမှစုံစမ်းသိရသည်။ စစ်ကောင်စီ၏ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်​သောစစ်ကောင်စီဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည်တို့အပါအဝင် ထို​ကော်မတီအဖွဲ့ဝင်များက ဇွန် ၁ ရက်နှင့် ၂ ရက်တွင်မန္တ​လေးသို့သွားရောက်စစ်ဆေးခဲ့ပြီးထိုသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု...
တနင်္သာရီတိုင်းတွင် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံများနှင့်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှေ့တန်းတပ်ခွဲများမှ ရဲဘော်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိပြီး ရှေ့တန်းရဲဘော်များ၏ အခက်အခဲများ၊လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရှိရသည်။ ထို့ပြင် အကောင်အထည်ဖော်ပြီးသည့် စစ်ဆင်ရေးများအတွင်း...
ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၁၄၁ စု အတွက် “ချစ်ချစ်ခင်ခင် မိသားစု ” (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင်...
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ထမင်းကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ကို...
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်းကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် KIA က သွားရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းစစ်ဗျူဟာတွင် ခလရ...
ဒေသတွင်းနယ်မြေမငြိမ်မသက်မှုများကြောင့် ကျေးရွာအချို့ တိမ်းရှောင်နေကြရသည့်ကြားက စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင် တော်လှန်ပြည်သူများ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်း ယနေ့(ဇွန်လ ၁၂) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်တွင် ဆန္ဒပြပြည်သူများက “ဗေဒါပျံ...