အကြမ်းဖက် စစ်ကောင်စီ လက်မအာက်ခံ ခမရ (၅၃၀) က တပ်ဖွဲ့ဝင် (၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၅၃၀) က တပ်သား မင်းသူအောင်၊ အောင်သူဟိန်း၊ ခင်မောင်ရင်တို့ (၃) ဦးက MA-1 (၂) လက်၊ MA-4 (၁) လက်၊ ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာတာလို့ဆိုပါတယ်။
အဲဒီ တပ်သား ၃ဦးက ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)၊ ရှမ်းတောင်တိုင်းစစ်ဌာနခွဲ၊ တပ်ရင်း (၁၀၀၆)ကို ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာပါ။