အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အဖြစ်ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကို အကြီးဆုံးသော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနကြီးများ ကမ္ဘာ့ကွန်ရက် GANHRI – Global Alliance of National Human Rights Institutions က တစ်နှစ်ဆိုင်းငံ့ နဲ့ အသိအမှတ်ပြုမှုပယ်ဖျက်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ GANHRI ရဲ့ သမိုင်းမှာ မရှိဘူးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ရုရှားရဲ့ NHRI နဲ့အတူ အသိအမှတ်ပြုမှု (Accrediction) ပယ်ဖျက်ဖို့ ပထမဆုံး အဆိုပြုခံရတာပါ။
CSO Working Group on NHRI Burma-Myanmar က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ထားပါပြီ။ ဆက်လက် နှိုးဆော်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။